တောကြိုအုံကြား တယ်လီဖုန်းသတင်းသမား

ဖုန်းတစ်လုံးနဲ့ သတင်း ယူနေတဲ့ သတင်းသမား

အာရှမှာ သတင်းခေတ်ဖြစ်သွားတာ ကာလအတန်ကြာခဲ့ပြီလေ။ နောက်တော့ အရှေ့တောင်အာရှပေါ့။ လူတွေက သတင်းတွေကို အားထားလာတယ်။ ယုံကြည်ကိုးစားလာတယ်။ နိစ္စဒူဝကဏ္ဍစုံတဲ့ သတင်းတွေကို ငတ်မွတ်လာတယ်။ ဒီလိုကနေ သတင်းနဲ့မျက်နှာသစ်တဲ့ ခေတ်တစ်ခေတ်ကို လုံးလုံးရောက်သွားတော့တယ်။

နေ့စဉ် သတင်းလိုအပ်ချက်ကြီးလာတာနဲ့အမျှ သတင်းရှားပါးမှု၊ သတင်းထပ်မှုပြဿနာတွေက ဒုနဲ့ဒေး ဆက်တိုက်ဖြစ် လာတယ်။ အဲဒီမှာ မေးခွန်းနှစ်ခုပေါ်လာတယ်၊ သတင်းသမားတွေနည်းပါးလာတာကြောင့်လား။ ဒါမှမဟုတ် သတင်း အရင်းအမြစ်ခြောက်ခမ်းကုန်လို့လား စသည်ဖြင့်ပေါ့။ ဒီလိုဆိုတော့လည်း အဲဒီမေးခွန်းနှစ်ခုက သိပ်လူရာမဝင်လောက် ဘူးလေ။ တကယ်တော့ သတင်းဆိုတာက နေရာအနှံ့မှာ ပြန့်ကြဲနေတတ်တာမျိုးလေ။ ဒီလိုပြဿနာတွေရဲ့တောင်းဆို မှုကြောင့်ပဲ လက်ရှိကမ္ဘာမှာ  စီတီဇန် ဂျာနယ်လစ်ဇင် (Citizen Journalism )လို့ဆိုတဲ့ ဝေါဟာရအတိုင်း ရပ်ထဲ၊ ရွာထဲက ဘယ်သူမဆို သတင်း သမားလုပ်လိုက လုပ်လို့ရတဲ့ ဘာကုန်ကျစရိတ်မှ ကြီးကြီးမားမားမရှိတဲ့၊ သင်တန်းကြီးတွေ အကြာကြီးတက်စရာ မလိုဘဲ သိန်းနဲ့ချီပီး တန်ဖိုးမြင့်မားတဲ့ ကင်မရာကြီးတွေဝယ်စရာမလိုတဲ့ သတင်းလုပ်ငန်းလေးတစ်ခုအကြောင်း ပြောကြည့်ကြရအောင်။

                အခုပြောပြချင်တာက စီတီဇန် ဂျာနယ်လစ်ဇင် ဆိုတဲ့ ပြည်သူထဲက သတင်းသမားဆိုတဲ့ သတင်းလှုပ်ရှားမှုထဲက အချောမွေ့ဆုံးနဲ့ အသစ်လွင်ဆုံးသတင်းလုပ်ငန်းနည်းပညာတစ်ခုကတော့ Phone Journalism လို့ခေါ်တဲ့ မိုဘိုင်း ဖုန်းနဲ့ တည်ဆောက်ရှာဖွေရတဲ့ သတင်းနည်းပညာတစ်ခုပါ။ ဘာမှတော့ သိပ်ထွေထွေထူးထူးမရှိဘူးလေ။ မိုဘိုင်ဖုန်း တစ်လုံးရှိရင်ပဲ အဲဒီလူဟာ သတင်းသမားတစ်ယောက်ဖြစ်လို့ရပြီလေ။ ဒီထက်လွယ်ကူတာရှိနိုင်ပါဦးမလား။

အိန္ဒိယမှာ အပြည်ပြည်ဆိုင်ရာ သတင်းသမားများအဖွဲ့ရဲ့ ကူညီပံ့ပိုးမှုနဲ့ လုပ်ဆောင်နေတဲ့  နိုက် (Knight )လို့အမည် ရတဲ့ နိုင်ငံတကာသတင်းအဖွဲ့က သတင်းသမားတစ်ယောက်ရှိပါတယ်။ သူ့နာမည်က ချောက်ဒရီ လို့ခေါ်တယ်။ သူက ပြည်သူသတင်းသမားတွေအတွက် စမ်းသပ်မှုတစ်ခုရှာဖွေထုတ်လုပ်ကိုင်ခဲ့တယ်။

အာဖရိက က ဖုန်းသတင်း သမား

ကျွန်တော်တို့ ပြည်သူတွေရဲ့အသံကို တိုင်းပြည်ကကြားစေချင်တယ်။ ဒါပေမဲ့ နည်းပညာအခက်အခဲဆိုတာ မျိုးကို မဆိုထားနဲ့ အဲဒီအခြေခံကျလွန်းတဲ့ ပြည်သူအများအပြားရှိတဲ့ မြို့အစွန်ဆင်ခြေဖုံးတွေမှာရယ်။ ကျေးလက်မှာ အကုန်ပေါ့။ အဲဒီသူတွေက စာရေး၊ စာဖတ်ကိစ္စအတွက် အခက်အခဲရှိတယ်။ ဒီတော့ သူတို့ခံစားချက်၊ သူတို့အသံကို ကျန်တဲ့သူတွေကြားဖို့ဆိုတာ မဟာ့မဟာအခက်အခဲကြီးလိုဖြစ်မနေဘူးလားဗျာ။ ဒါပေမဲ့ ဒီအခက်အခဲဆိုတာ သိပ်ကို ဖြေရှင်းရလွယ်တဲ့ပုစ္ဆာဗျ။ မိုဘိုင်းဖုန်းလေးတစ်လုံးလောက်ရှိရင် အလုပ်ဖြစ်ပြီပေါ့ဗျာလို့ မစ္စတာ ချောက်ဒရီ က အားတက်သရော ပြောပါတယ်။

                “အရင်က ကျွန်တော် ကျေးလက်ပြည်သူတွေကြားလျှောက်လေ့လာတယ်ဗျာ။ သူတို့ရဲ့သတင်းတွေကို ပြည်သူ ကို တင်ပြနိုင်ဖို့၊ အင်တာနက် ဆက်သွယ်ရေး၊ နောက်တော့ ရေဒီယိုအသံထုတ်လွှင့်မှုစသဖြင့်ပေါ့။ ဒါပေမဲ့ လက်တွေ့ မှာ ဒီဆက်သွယ်ရေးကွန်ယက်တွေက အလုပ်မဖြစ်ဘူးဗျာ။ အဲဒီမှာ ကျွန်တော် ဘာသွားတွေ့လဲဆိုတော့ မိုဘိုင်းဖုန်း ပေါ့ဗျာ။ ယနေ့ အိန္ဒိယပြည်သူ အများစုက မိုဘိုင်းဖုန်းကိုသုံးစွဲနေပြီဗျ” နောက်ပြီး သူက မိုဘိုင်းဖုန်းဆိုတာ ဒီမိုကရေစီ စနစ်ရဲ့ အသီးအပွင့်ရလဒ် လူ့အသုံးအဆောင်ပစ္စည်းတစ်ခုလို့ တင်စားပြလိုက်သေးတယ်။ ဒါပေမဲ့ အိန္ဒိယလို ဆင်းရဲ ချမ်းသာကွာဟမှုနှုန်းတွေ မြင့်မားနေသေးတဲ့ နိုင်ငံကြီးမှာတော့ တောသူတောင်သား၊ လယ်သမားအဆင့်ပြည်သူတွေ ကတော့ မိုဘိုင်းဖုန်းမကိုင်နိုင်သေးဘူးလေ။ အဲဒီလို ပြည်သူတွေက အိန္ဒိယမှာ ၃၆ % အထိ ရှိနေသေးတော့ တစ်ဝက်နီး ပါးလို့တောင် ပြောမယ်ဆိုပြောလို့ရတာပေါ့။ ဒီကိန်းဂဏန်းကတော့ ၂၀၀၄-၂၀၀၅ က စာရင်းအရပြောတာပါ။ အခုတော့ အများကြီးပြောင်းလဲကုန်ပြီပေါ့။

မြို့ကြီးတစ်ခု က ဖုန်းသတင်းသမား တစ်ယောက် သတင်းမှတ်တမ်း ယူနေစဥ်

မိုဘိုင်းဖုန်းရှိတဲ့ ဘယ်သူမဆို ကျေးလက်က ပြည်သူမပြောနဲ့ မြို့ထဲက လူတစ်ယောက်ဆီကတောင် သတင်းယူ နိုင်တယ်၊ သတင်းဓါတ်ပုံရိုက်နိုင်တယ်။ ဒါဆိုရင် အတော်အသင့်လုံလောက်တဲ့ သတင်းတစ်ပုဒ်ဖြစ်ပြီလို့ သူက ဆိုပြန်သေးတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ကျေးလက်ပြည်သူတွေရဲ့ ခံစားမှုအခက်အခဲ အကြပ်အတည်းတွေကို ပြည်သူ ရှေ့မှောက် အကြိမ်ကြိမ်ထုတ်လွှင့်ပြသခဲ့ဖူးခဲ့ပြီလို ဆိုပါတယ်။ မိုဘိုင်းဖုန်းတွေ တစ်လုံးနဲ့တစ်လုံး သတင်းနားထောင် နိုင်ဖို့ ဆက်စပ်ချိတ်ဆက်ထားတာပါ။ ဒီလိုနဲ့ ကျွန်တော် ပထမနှစ်မှာပဲ သတင်းအဖြစ်အပျက်အချက်အလက်စုစုပေါင်း ၇၅ဝ ကျော် နားဆင်နိုင်ဖို့ ဖုန်းသတင်းတွေ ဖြန့်ချိပေးနိုင်ခဲ့ပါတယ်။ အခုဆို ကျွန်တော်တို့ အောက်ခြေလူတန်းစား  တွေရဲ့ သတင်းတွေကိုလိုက်ပြီး အလွယ်တကူယူနိုင်တယ်။ ဘာဝန်စည်စလွယ်မှ မပါပဲနဲ့ကို လိုချင်တဲ့သတင်းတွေရ တာကိုးဗျလို့ ပြောပါတယ်။

                အခုဆိုရင် လူတိုင်းလူတိုင်းက မိုဘိုင်းဖုန်းရှိလာပြီဆိုတော့ သူ့မှာ ဘယ်အချိန်ဘယ်သွားသွား သူက ဆန္ဒရှိရင် သတင်းသမားတစ်ယောက်ဖြစ်လို့ရပြီလေ။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဌာနမှာသာမက ဘယ်နေရာရောက်ရောက်၊ တွေ့ဆုံ မေးမြန်းလို့ရမယ်။ ဓါတ်ပုံရိုက်ကူးလို့ရမယ်ဆိုရင် အတော့ကို ပြီးပြည့်စုံသလောက်ရှိပြီကိုး။ သတင်းကိုပဲ အသက်မွေး ဝမ်းကျောင်းလုပ်စားရတဲ့ ကြေးစားသတင်းသမားတွေက တစ်ကဏ္ဍပေါ့လေ။

                ပြည်သူတစ်ယောက်ကလည်း မိမိဆန္ဒအရ သတင်းသမားတစ်ယောက်ဖြစ်ခွင့်က ရှိနေတာပဲ။ သတင်းဌာန ကြီးတွေဆိုတာကလည်း သတင်းငတ်မွတ်တဲ့ ဒုက္ခကရှိတော့ တယ်လီဖုန်းသတင်းသမားတွေရဲ့ရှောင်တခင် အား ထုတ်မှုတွေက အချည်းအနှီးဖြစ်စရာလမ်းမရှိပါဘူး။ ဒီတော့ ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်တည်လာတဲ့ နိုင်ငံတိုင်းမှာ စီတီဇန် ဂျာနယ်လစ်ဇင် စနစ်က ထွန်းကားလာနေပြီဖြစ်ပြီး အဲဒီထဲကမှ အလှပဆုံးနဲ့ အချိုမြိန်ဆုံး သီးပွင့်လာမယ့် အသီးအပွင့်တစ်ခုကတော့ စီဂျေ (CJ) လို့ခေါ်တဲ့ စီတီဇန် ဂျာနယ်လစ် ဒါမှမဟုတ်  ပီဂျေ ( Phone Journalist) တယ်လီဖုန်းသတင်းသမား ဆိုတဲ့ သစ်သီးတစ်လုံးပဲဆိုတာ မလွဲ လောက်တော့ပါဘူးလို့ပဲ ဆိုချင်ပါတော့တယ်။

 Ref: AFP

Translated By Nicolas K

Leave a Reply

Your email address will not be published.