မယ်၀ဏ္ဏ၊ နန်းသုံးနန်းနှင့် ရတနာ့ဂူ

အောင်မြင့်မြင့် (စစ်ကိုင်း)

 ရတနာ့ဂူဘုရားပွဲ၊ နတ်ပွဲက ဝါခေါင်လ ပြည့်ကျော် ၇ ရက်မှာ စသည်။ တောင်ပြုန်း ပွဲအပြီး ခုနစ်ရက်သာခြား ကျင်းပသည့်ပွဲဖြစ် သည်။ အမရပူရမြိုနှင့်အနီး ရပ်ကွက်၊ ကျေး ရွာများရှိ နတ်နန်းများမှာ ကျင်းပသည့်ပွဲဖြစ် သည်။

စစ်ကိုင်း-မန္တလေးသွားလမ်း၊ အမရပူရ မြိုအ၀င် ကားလမ်းမကြီးဘေးနှင့် အောက် နန်း၊ အလယ်နန်း၊ အထက်နန်း ၀န်းကျင် နေ ရာများမှာ တောင်ပြုန်းပွဲတော် မပြီးမီကပင် နတ်နန်းများ စတင်ဆောက်လုပ်နေပြီ။ ရိုးရာ အစဉ်အ လာ နတ်ပွဲမို ရတနာ့ဂူပွဲကလည်း မြိုပွဲ၊ တောပွဲဖြစ်လာကာ နှစ်စဉ်စည်ကား သည်။ စစ်ကိုင်း-မန္တလေး ကားလမ်းမ ကြီး ပေါ်မှာ ကားတွေအစုန်အဆန် အသွားအလာ နေ့စဉ်များပြားနေပါ၏။ ပွဲတော်စျေးတန်း အခင်းအကျင်းက သည်လမ်းမကြီးဘေးမှာ သာ ဆောက်နိုင်တော့ မြိုထဲလမ်းမကြီးဘေး ဝဲယာနှင့် စစ်ကိုင်း ဘက်က မြို၀င်ငယ် တိုးရွာ  အရောက် စျေးဆိုင်ခန်းတွေချည်းဖြစ်သည်။

ရတနာ့ဂူပွဲကလည်း တောင်ပြုန်းလိုပင် ဘုရားပွဲ၊ နတ်ပွဲ ပူးတွဲကျင်းပခြင်း ဖြစ်သည်။ သည်ပွဲတော်ကြီးက တောင်ပြုန်းမင်းနှစ်ပါး ၏ မယ်တော်မယ်၀ဏ္ဏပွဲဖြစ်သည်။ မယ်၀ဏ္ဏ ပွဲဖြစ်၍ စည်ကားခြင်းဖြစ်သည်။ ရတနာ့ဂူနတ်ပွဲက အမရပူရမှာကျင်းပ သည်ဟု လူသိများသည်။ မယ်တော်ကြီးနန်း တွေက တစ်နေရာတည်းမှာ မဟုတ်သဖြင့် နန်းသုံးနန်း ကျင်းပသည့်ပွဲဖြစ်သည်။ အောက်နန်းအနီးမှာ သမိုင်း၀င်ရတနာ့ဂူ ဘုရားရှိသည်။

 ရတနာ့ဂူဘုရားက အင်း၀ဘုရင် မင်း ကြီးစွာစော်ကဲ တည်ထားကိုးကွယ်ခဲ့တာလို သိရတယ်။ ရခိုင်ဆရာတော်ကြီး ဆုံးမညွှန် ကြားလို တည်ခဲ့တဲ့ဘုရားပါ။ ရှေးကတည်း က ဝါခေါင်လကွယ်နေ့မှာ သံဃာတော်အပါး ၁၀၀ ကျော်ကို ဆွမ်းကြီးလောင်းလှူပါတယ်။ ၁၂ ရာသီပွဲထဲမှာ ဘုရားပွဲအဖြစ် ကျင်းပလာ ရာက အမရပူရမြို၊ ဘကြီးတော်ဘုရားလက် ထက် ၁၁၈၅ ခုနှစ်မှာ မီးအကြီးအကျယ် လောင်ကျွမ်းခံရတော့ ဘုရင်နဲ့တကွ တိုင်းသူ ပြည်သားတွေ စိတ်နှလုံး မချမ်းမသာဖြစ်ကြ သတဲ့။ တောင်ပြုန်းဆုတောင်းပြည့်ဘုရား ပွဲပြီးတာကိုအမှီပြုပြီး ရတနာ့ဂူမြတ်စွာ ဘုရားပွဲ ကျင်းပလာတာ။ ပြည်သူ၊ ပြည်သား တွေ ပျော်ပွဲရွှင်ပွဲနဲ့ မီးလောင်တာ မေ့မေ့ ပျောက်ပျောက်ဖြစ်ဖို နန်းမတော်မယ်နုနဲ့ မောင် မင်းသားကြီးမောင်အိုတိုက နတ်ထိန်း၊ နတ်အုပ်များကိုခေါ်ပြီး တောင်ပြုန်းမင်းညီ နောင် နတ်ပွဲလာတဲ့ မယ်တော်မယ်၀ဏ္ဏ ပုပ္ပားအပြန်ကို ကြိုဆိုတဲ့အနေနဲ့ ရတနာ့ဂူ ဘုရား ၀င်ရောက်ဖူးမြော်ပွဲအဖြစ် ပူးပေါင်း ပြီး ဘုရားပွဲ၊ နတ်ပွဲ အပြိုင်ကျင်းပရာက ရတနာ့ဂူပွဲတော်ရယ်လို ဖြစ  လာတာပါ  ”

အမရပူရ၊ ငယ်တိုးရပ်မှ မြန်မာတိုင်း ရင်းဆေးဆရာ ဦး၀င်းမြင့်က ရတနာ့ဂူဘုရား နှင့် အောက်နန်းအနီးမှာ နေထိုင်သူဖြစ်သည်။ ပွဲတော်မတိုင်မီ အကြိုကာလမှာ ရတနာ့ဂူ ဘုရားနှင့် အောက်နန်းရှိရာသို ရောက်သွား သည်။ ဘုရားပွဲ၊ နတ်ပွဲ ပူးတွဲကျင်းပသည့် သမိုင်းအကျဉ်းကို ဆရာဦး၀င်းမြင့်က သိ ထားသမျှ ပြောပြသည်။

 ရှေးကတော့ ရတနာ့ဂူမြတ်စွာဘုရားပွဲ သာ ကျင်းပသဖြင့် ဘုရားပွဲအဖြစ် လူသိများ ခဲ့သည်။ အခုတော့ ရိုးရာနတ်ကိုးကွယ်သူ တွေကြောင့် ဘုရားပွဲတော်က တိမ်မြုပ်လု မတတ်။ နတ်ပွဲသာလျှင် ထင်ရှားသယောင် ယောင် ဖြစ်နေပေပြီ။ သည်နေရာမှာ ပုပ္ပားမယ်တော် မယ် ၀ဏ္ဏ နတ်ပွဲကျင်းပရသည့် ရာဇ၀င်ကလည်း ရှိသေးသည်။ တောင်ပြုန်း ဆုတောင်းပြည့် ဘုရားတည်ရာမှာ ရွှေဖျင်းညီနောင် မင်းနှစ် ပါး အုတ်တစ်ချပ်စီသယ်ယူ ကုသိုလ်ပါ၀င် ရန် ပျက်ကွက်ခဲ့သည်။ ဘုရားအုတ်နှစ်ချပ် လပ်သည်ကို အကြောင်းပြု၍ ဘုရင်အနော် ရထာက မြေးတော်နှစ်ပါးကိုဆုံးမရန် အမိန့် ပေးခဲ့သည်။ လက်မရွံသားတိုက တာ၀န်ပေါ့ လျော့သော ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ် ညီ နောင်နှစ်ပါးကို တောင်ပြုန်းအရပ်မှာ ကွပ် မျက်လိုက်သည်။ မယ်တော်မယ်၀ဏ္ဏက အဖြစ်အမှန်ကို ကိုယ်တိုင်ကိုယ်ကျ သိလို သည်။ နေထိုင်ရာ ပုပ္ပားတောင်ကလပ်မှ တောင်ပြုန်းသို အရောက်သွားခဲ့သည်။ တောင်ပြုန်းရောက်တော့ သားနှစ်ပါး ကွပ် မျက်ခံရပြီဆိုတာ သိလိုက်ရပြီ။ မယ်၀ဏ္ဏမှာ သားနှစ်ပါးစိတ်နှင့် ပူဆွေးသောကရောက် ရတော့သည်။ စိတ်ညစ်ညူးစွာဖြင့် ပုပ္ပားသို ပြန်ရ၏။ အမရပူရ၊ ရတနာ့ဂူအရောက်မှာ သားနှစ်ပါးစိတ်ဖြင့် ရင်ကွဲနာကျ သေဆုံးရ ရှာသည်။ သေဆုံးသည့်အရပ်မှာ မယ်တော် အတွက် နန်းဆောက်ပေးထားရာမှ ရတနာ့ ဂူနတ်ပွဲ ဖြစ်လာတော့သည်။

နတ်ဘဝရောက်သည့် မယ်၀ဏ္ဏမှာ သားနှစ်ပါး၏ ကန်တော့ခြင်းကိုခံယူရန် နယုန်လပြည့်နေ့မှာ တောင်ပြုန်းသို နှစ်စဉ် လာသည်။ မယ်၀ဏ္ဏလာသည့် အထိမ်း အမှတ်အဖြစ် တောင်ပြုန်းနန်းမှာ နယုန်လ ပြည့်နေ့ရောက်တိုင်း မယ်တော်ကြိုပွဲ ကျင်းပ သည်။ ၁၃၅၄ ခုနှစ်မှစတင်၍ တောင်ပြုန်း နန်းထိန်းမိသားစုနှင့် နတ်ကတော်များက မယ်တော်ကြိုပွဲကို တခမ်းတနားကျင်းပခဲ့ သည်။ ရိုးရာအားဖြင့် မယ်၀ဏ္ဏတောင်ပြုန်းက အပြန် ရင်ကွဲနာကျ သေဆုံးသည့်နေရာမှာ အထိမ်းအမှတ်ပွဲလုပ်သည်ဟု ဆိုသော် လည်း သည်ပွဲက အမရပူရမြို၊ မီးအကြီး အကျယ် လောင်ကျွမ်းခံရတာနှင့်လည်းပတ် သတ်လာသည်။ မီးဘေးကြောင့် စိတ်မချမ်း မသာဖြစ်နေကြရသည့် မြိုသူ၊ မြိုသားများ ပျော်ပွဲရွှင်ပွဲအဖြစ် မေ့ပျောက်စေခြင်းငှာ ရတနာ့ဂူဘုရားအနီး နတ်ကွန်း၌ ရတနာ့ဂူ ပွဲတော် ကျင်းပပေးသည်။ ထိုကာလမှ စတင်၍ ရတနာ့ဂူဘုရားပွဲနှင့် နတ်ပွဲတော် ကျင်းပလာတာ ယခုအထိဖြစ်သည်။

 ရတနာ့ဂူပွဲတော် ဆိုင်ခန်းများအခင်း အကျင်းရှိသည့် စစ်ကိုင်း-မန္တလေး လမ်းမ ကြီးတစ်လျှောက်မှာ ပန်းတနော်၊ ဟင်္သာတ ဘက်က လာရောင်းသည့် သင်ဖြူးဖျာ အရောင်းဆိုင်များ ဘယ်ပွဲနှင့်မှမတူ များပြား သည်။ မကွေး၊ ပျော်ဘွယ် မြိုများက လာ ရောင်းသည့် ကြေးထည်၊ သံထည် လူသုံး၊ အိမ်သုံးပစ္စည်းများကလည်း ပွဲစျေးတန်းမှာ ပစ္စည်းအစုံပါသည်။

 “ချိုက်ကတ်ကြေးလိုခေါ်တယ်။ မကွေး နယ်၊ ချိုက်ရွာက ပန်းပဲသမားတွေလုပ်တဲ့ လက်မှုကတ်ကြေးပါ။ အ၀တ်အစဖြတ်ရာ ညှပ်ရာမှာတောင် ကောင်းလွန်းလို စက်နဲ့ လုပ်တဲ့ နိုင်ငံခြားဖြစ် စတီးကတ်ကြေး မပေါ် ခင်က ချိုက်ကတ်ကြေးပဲ တစ်ပြည်လုံး သုံး ကြတာ။ ပစ္စည်းကကောင်းတော့ တစ်သက် လုံး သုံးရော့ပဲ”

 မကွေးက လာရောက်ရောင်းချသည့် သံထည်ပစ္စည်းအရောင်းဆိုင်များမှာ ကတ် ကြေးမျိုးစုံ၊ တူ၊ ဆောက်၊ ပဲခွပ်၊ မီးညှပ်၊ မီးဖို ချောင်သုံးဓား၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူရွင်း၊ မွေးညှပ်၊ ဇာဂနာအစုံပါသည်။ တချိုစျေး သည်တွေက ၁၂ ပွဲစျေးသည်တွေ။ တချိုကျ တော့ အမရပူရ ရတနာ့ဂူပွဲက တောကျပါ ကောင်းတဲ့ပွဲဆိုပြီး တောင်သူသုံး လုပ်ငန်း သုံးပစ္စည်းတွေ လာရောက်ရောင်းချကြခြင်း ဖြစ်သည်။ သည်ဆိုင်တွေက မြိုလယ်ရုပ်ရှင် ရုံအဟောင်းနေရာကနေ မန္တလေး-ရွှေဘို-မြစ်ကြီးနားသံလမ်းအထိ ကားလမ်းဘေးဝဲ ယာတစ်လျှောက်မှာ ရှိသည်။ မြိုတွင်းလမ်းမ တန်းမှာ ရောင်းတာဆိုတော့ အထည်ဆိုင်၊ အလှကုန်ပစ္စည်းဆိုင်၊ ဒန်အိုးဒန်ခွက်ဆိုင်၊ စတီးပစ္စည်းဆိုင်နှင့် ကျူလယာဆိုင်များပါ ရှိလိုက်သေးသည်။

 သံလမ်းကနေ အောက်နန်းသွား ငယ် တိုးလမ်းဆုံအထိ ခင်းကျင်းရောင်းချတာက တော့ အများစုက အညာမုန့်ပဲသရေစာ အရောင်းဆိုင်။ စစ်ကိုင်း၊ မန္တလေး၊ အမရပူ ရမြိုများက ကရေကရာ၊ ထိုးမုန့်၊ အနုဆုပ်၊ အညာသားကျောကုန်း၊ မုန့်ကုလားမည်း ရောင်းသည့်ဆိုင်တွေက အကြီးစားဆိုင် ကြီးတွေ ဖြစ်သည်။

            “မြည်းပါဦး။ မလိုင်ကရေကရာက အစိတ်သား၀ယ်၀ယ်၊ ၅၀ သား၀ယ်၀ယ် ရောင်းတယ်။ အိမ်သူ၊ အိမ်သားတွေလည်း စားရတာပေါ့။ လက်ဆောင်လည်း ပေးလိုရ တယ်။ ဒီကချပ်စက်္ကူဘူးနဲ့ လုံလုံခြုံခြုံထုပ် ပေးလိုက်မှာ။ ပွဲတော်မှာရောင်းပေမဲ့ ဖုန်မုန့် တောင် မပါစေရဘူး။ တစ်နှစ်မှ တစ်ခါလာ ရောင်းတာ။ မြည်းစားကြည့်။ မကောင်းရင် ပိုက်ဆံမပေးနဲ့။ အလကားပေးလိုက်မယ်”

 ယဉ်ယဉ်ဆွေ ကရေကရာဆိုင်၊ ခိုင်သင်း ကြည် ကရေကရာဆိုင်နှင့် အခြားကရေ ကရာဆိုင်များရှေ့မှာ ဖြတ်သွားဖြတ်လာ ပရိ သတ်ကို မုန့်ဆိုင်တွေက အမြည်းစားဖိုဖိတ် ခေါ်သည်။ စျေး၀ယ်ချင်အောင် နှုတ်ချိုကြ သည်။ မြန်မာမုန့်ပဲသရေစာတွေ ရောင်း ကောင်းသည့်ပွဲဖြစ်၍ ရတနာ့ဂူမုန့်အရောင်း ဆိုင် စျေးတန်းက စည်လှပါ၏။ သည်လမ်းမ ဘေးမှာပဲ ပွဲတော်အမှတ်တရ ပစ္စည်း အရောင်းဆိုင်၊ မော်လမြိုင်ကလာသည့် ရှောက်ပန်းသီး အရောင်းဆိုင်များကလည်း ခပ်စိပ်စိပ်။

 ဝါခေါင်လ၏ နေ့ခင်းပိုင်းက နွေမဟုတ် သော်လည်း အပူချိန်မြင့်သည်။ မြင်ကွင်းအနှံ နေမင်း၏အလင်းရောင်က ကြီးစိုးနေသည်။ စစ်ကိုင်း-မန္တလေးလမ်းဘေးမှာပဲ ပန်းပဲ ချောင်းငှက်ဆိပ်ရှိသည်။ ငှက်လှေတွေက ပွဲတော် ကာလမှာသာ ပြေးဆွဲသည်။ လမ်း ဘေးငှက်ဆိပ်ကနေ အောက်နန်းအထိ ပြေး ဆွဲပေးခြင်းဖြစ်သည်။ ဧရာ၀တီမြစ်ရေကြီး ချိန်မှသာ ပန်းပဲချောင်းက ရေပြည့်သည်။ ပွဲတော်ကျင်းပသည့် တချိုနှစ်များမှာ ရေကြီး ချိန်နှင့်ကြုံသည်။ တချိုနှစ်များမှာတော့ ရေ ၀င်နည်းသဖြင့် ပန်းပဲချောင်းမှာ ရေအနည်း ငယ်သာ ရှိသည်။

ဧရာ၀တီမြစ်ရေတိုးရက် ကြာ ရင်ပန်းပဲချောင်းမှာ ရေပြည့်ရေလျှံ ဖြစ် နေသည်။ ငှက်လှေသမားများ အကြိုက် ဟု ပြောရပေမည်။ ချောင်းထဲမှာ ရေရှိမှ ငှက် လှေစီးသူတွေ များသည်မဟုတ်လော။

ကားလမ်းဘေး ငှက်လှေဆိပ်က အောက်နန်းအထိ ငှက်လှေစီးခတစ်ယောက် ကျပ် ၃၀၀။ ရေများသည့်နှစ်ဖြစ်၍ ငှက်လှေ က အစင်း ၄၀ မှ ၅၀ ရှိသည်။ တောင်သမန် ငှက်လှေနှင့် စစ်ကိုင်းထုံးဘိုဆိပ်ကမ်းက ငှက်လှေတွေ လာရောက်ပြေးဆွဲခြင်းဖြစ် သည်။ ငှက်လှေဆိပ်နှင့် အောက်နန်း ခေါက် တုံခေါက်ပြန် ပြေးဆွဲပေးသည်။ ငှက်လှေ ပေါ်မှာ စီးနင်းသူတွေက လှေတစ်စင်းနှင့် တစ်စင်း အရှောင်အတိမ်းလုပ်ရာမှာ ချောင်း ထဲရှိရေနှင့် ပက်ကစားကြ သည်။ တချိုဆို လျှင် ရွှရွှစိုသည်အထိ ရေလောင်း၊ ရေပက်ခံ ရသည်။ နတ်ပွဲဆိုတော့လည်း အပျော် သဘောဖြစ်၍ အပြုံးမပျက်ကြ။

 အမရပူရ၊ ရတနာ့ဂူနတ်ပွဲ ကျင်းပပြီဆို တော့ နန်းကြီးသုံးနန်းမှာ ဆိုင်ရာပိုင်ရာ နတ် အုပ်တွေက တာ၀န်ယူရသည်။ အထက်နန်း က အမရပူရမြို၊ တောင်ကြီးအရပ်မှာ ရှိသည်။ ရှေးက ရတနာ့ဂူနတ်ပွဲကို လက်ဝဲမြင်းတိုင် ရွာရှိ အလယ်နန်းမှာသာ ကျင်းပသည်။ လွတ် လပ်ရေးမရမီ နတ်အုပ်ဦးကျောက်လုံး လက် ထက်မှာ အထက်နန်းနေရာပင် ယာယီနန်း တစ်ခု ဆောက်လုပ်ခဲ့သည်။ နေရာထိုင်ခင်း ကောင်းမွန်၍ အသွားအလာလွယ်ကူသည့် နေရာဖြစ်သည်။ အဓိကကတော့ ဧရာ၀တီ မြစ်ရေကြီးချိန်မှာ အလယ်နန်းထိ ရေရောက် သဖြင့် ရေလွတ်သည့်နေရာမှာ နန်းတည်ခဲ့ ခြင်း ဖြစ်သည်။ နတ်နန်းရှိပြီဆိုတော့ အထက် နန်းလည်း ရတနာ့ဂူနတ်ပွဲမှာ အကျုံး၀င်ပြီ ပေါ့။ သည်အထက်နန်းနေရာမှာပဲ မယ်တော် မယ်၀ဏ္ဏနန်းနှင့် သားငယ်နှစ်ပါးနန်းဟူ၍ နန်းနှစ်နန်း ရှိသေးသည်။

 အလယ်နန်းက အမရပူရမြို အနောက် တောင်ဘက်၊ စစ်ကိုင်း-အမရပူရကားလမ်း ဘေး လက်ဝဲမြင်းတိုင်ရွာမှာ ရှိသည်။ မူလ နန်းရင်းဖြစ်သည်။ နန်းမတော်မယ်နုနှင့် မင်း သားကြီးမောင်အိုတို ဆောက်လုပ်ပေးခဲ့ သည့် နန်းအဖြစ် အသိအမှတ်ပြုကြသည်။ အလယ်နန်းမှာ ရှေးဟောင်းပုံတော်များရှိ သည်။ ပုံတော်အကြီးက မယ်၀ဏ္ဏ၊ အငယ် မွေးစားသမီး ပုဏ္ဏေးမ ခင်မသာပုံတော်ဖြစ် သည်။ အလယ်နန်းနှင့်ယှဉ်၍ သားနှစ်ပါး၏ နန်းရှိသေးသည်။ သည်နန်းများကို နန်းထိန်း အစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည်။

 အလယ်နန်း၏တောင်ဘက် ကြောင် လျှာနှင့် ရွှေလွန်းရွာအကြား ရတနာ့ဂူဘုရား အနီးမှာတော့ အောက်နန်း။ မယ်တော်မယ် ၀ဏ္ဏအတွက် အမရပူရမြိုမှ ဦးရာမက ဦးစီး တည်ဆောက်ပေးခဲ့သည်။ ၁၉၆၅ ခုနှစ်က ပေါ်လာသည့် အောက်နန်းဖြစ်သည်။ သည် နန်းမှာ ပုပ္ပားမယ်တော်မယ်၀ဏ္ဏ၊ ရွှေဖျင်း ကြီး၊ ရွှေဖျင်းငယ်တို၏ ရုပ်တုများရှိသည်။ ပုခန်းဦးမင်းကျော် ပွဲတော်ကိုလည်း သည် နန်းမှာ ပြုလုပ်ပေးသည်။ အောက်နန်းက မယ်တော် မြေလူးသည့်နန်းဖြစ်သည်။ သား နှစ်ယောက် ကွပ်မျက်ခံရသဖြင့် ၀မ်းနည်း ပူဆွေးကာ ငိုယိုလူးလှိမ့်သည့်နေရာဖြစ်၍ မယ်တော်မြေလူးသည့် နေရာအဖြစ်ပါ သတ်မှတ်ကြခြင်းဖြစ်သည်။

ရတနာ့ဂူနတ်ပွဲက တောင်ပြုန်းနတ်ပွဲ အပြီးမှာ ကျင်းပတာဆိုတော့ တောင်ပြုန်း နတ်ပွဲ လာရောက်ရောင်းချသည့်ဆိုင်တွေ ပွဲကူးကောင်းသည်။ တောင်ပြုန်းနတ်ပွဲပြီး တာနှင့် ရတနာ့ဂူကို ကူးသည့်ဆိုင်များသည်။

  ဆိုင်ရာပိုင်ရာ နတ်ကတော်တွေက လည်း ပုံတော်နတ်ရုပ်များ၊ အဆောင် အယောင်များနှင့် ပွဲတော်ရက်အမီ အရောက် လာကြသည်။ တောင်ပြုန်းပွဲလို နတ်ကနား နန်း မများသော်လည်း အမရပူရ၊ ငယ်တိုး၊ ရွှေလွန်းရပ်ကွက်များမှာ နတ်နန်းတွေ ယာယီတဲနန်းဖြင့် ပွဲပြီးသည်အထိ နေထိုင် ကြသည်။ အထက်နန်း၊ အလယ်နန်း၊ အောက်နန်းမှာ နန်းကြီးများ ထုံးစံအတိုင်း ကနားပေးသလို ပွဲတော်ကွင်းထဲမှာရှိသည့် နတ်ကနားနန်းတွေကလည်း ကနားပေး သည်။ နတ်ကတော်၊ နတ်၀င်သည်၊ ရိုးရာ ကိုးကွယ်သူ၊ နတ်တက်နတ်ဆက်သူများ၏ ပွဲဖြစ်၍ အမေရေရင်နန်း၊ အမေဂျမ်းနန်း၊ ပုခန်းကိုကြီးကျော်နန်း စသည့်စသည့် နတ် ကနားနန်းများမှာ နတ်ဒိုးသံ၊ နတ်ဆိုင်းသံ၊ နတ်ချော့သံ၊ နတ်ချင်းဆိုသံများဖြင့် မြိုင်ဆိုင် လှသည်။

 ငယ်တိုးလမ်းက ရတနာ့ဂူဘုရားနှင့် အောက်နန်းသွား ကားလမ်းဖြစ်သည်။ ဒေ သခံတချိုက ငယ်တိုးလမ်းကို ရတနာ့ဂူ လမ်းဟု ခေါ်ကြသည်။ အရှေ့ဘက် ဘုံးအိုး ရွာအထိ ဖောက်လုပ်ထားသည့် လမ်းဖြစ် သည်။ ရတနာ့ဂူဘုရားအထိ ကတ္တရာခင်း လမ်းဖြစ်သည်။ လမ်းကကျဉ်းသည်။ ကားနှစ် စီးရှောင်နိုင်ရုံလောက်ပဲ ကျယ်သည်။ ပွဲတော် ကာလမှာတော့ လမ်းဘေး ဝဲယာတစ် လျှောက် ဆိုင်ခန်းအပြည့် ရှိနေသည်။ ရပ် ကွက်ထဲကလမ်းမို ဆိုင်ခန်းတွေကြောင့် ပို ကျဉ်းသွားသည်။ ငယ်တိုးလမ်းဘေးမှာရှိ သည့် အလယ်နန်းကိုဖြတ်၍ ရတနာ့ဂူဘု ရားနှင့် အောက်နန်းအထိ သွားသည့်လမ်း ဖြစ်၍ နေ့ရောညပါ ပွဲတော်လာများဖြင့် ကြိတ် ကြိတ်တိုး စည်ကားသည်။

ရတနာ့ဂူဘုရားပွဲ နေ့ပိုင်းလာသူအများ စုမှာ အမရပူရနယ်၊ တံတားဦးနယ်၊ စစ်ကိုင်း မြိုနယ်တစ်ဝိုက်က များသည်။ နယ်စုံကျေး ရွာတွေကလာသဖြင့် တောကျကောင်း သည့်ပွဲ။ ညနေတိုင်းမှာ ကျေးလက်တောရွာ တွေကလာသည့် နတ်ပွဲ၊ ဘုရားပွဲလာသူ တွေ ပြန်ကြပြီ။ နေ၀င်မိုးချုပ်ကစ၍ အမရပူရ မြိုပေါ် မန္တလေးတစ်ခွင်နှင့် စစ်ကိုင်း၊ တံတား ဦး အနီး၀န်းကျင်နေသူများ၏ ညပိုင်းစျေး တန်းလမ်းလျှောက်၊ စျေး၀ယ်ချိန် ဖြစ်လာ သည်။ ညပိုင်း ရုံသွင်းဇာတ်ပွဲ ကြည့်သူတွေ ပါ လာရောက်ပြီမို ညပိုင်းမှာလည်း ၁၀ နာရီ ကျော်အထိ ပွဲစျေးတန်းမှာ ပွဲသွားပွဲလာ လူ မစဲ။

 “ပုပ္ပားသေလာ ဝေဆာလျှမ်း၊ ဒေဝါနန်း ယက်္ခာ၊ လေသာဖျန်းပက်ပါလျှင်၊ ကရမက် မာလာကြိုင်၊ သီးစုံထားလို မုန့်များဖွယ်သော်၊ ပုပ္ပားမယ်တော် ကြွလှမ်းပျော်ပါဘုရား”” ငယ်တိုးလမ်းဘေးရှိ ယာယီနတ်ကနား နန်းများမှ ဆိုင်းသံ၊ နတ်ချင်းသံများကို ဖြတ် ကျော်လာခဲ့သည်။ ပွဲတော်စျေးတန်းမှာ စျေး ရောင်း၊ စျေး၀ယ် လုပ်နေကြသူများ၊ စျေး တန်းအတွင်း သွားလာနေကြသူများရှိနေ၍ အချိန်ကြာကြာ တိုးဝှေ့သွားရသည်။ ကနား နန်းများက နတ်အကကိုပင် ကြည့်ဖိုမလွယ်။ အလယ်နန်းကြီးရောက်တော့ ပုပ္ပားမယ် တော်ပင့် နန်းချင်းသံ ကြားရသည်။ ပုပ္ပား မယ်တော် မယ်၀ဏ္ဏနတ်၀င်သည် ကချိန် ဖြစ်ပေလိမ့်မည်။

“(ပုပ္ပားတောင်တော်၊ မြတ်တောင် တော်)၂ အခေါင်ညွန့်ဖျား၊ ၀င့်၀င့်ကြွားကြွား၊ ထီးထီးမတ်မတ်၊ ရပ်တည်နေသနော်၊ သူ တော်စင်တွေ၊ ကိန်းအောင်းမွေ့ပျော်၊ တရား ရှာမှီးပျော်၊ ဝိဇ်္ဇာဇော်ဂျီ တပသီများ၊ ထွက်ရပ် ရည်မျှော်၊ ပုပ္ပားတောင်ကလပ်ပေါ်။ (ပုပ္ပားမယ်တော်၊ မြတ်တောင်တော်)၂ နတ်သမိုင်းတွင် ထင်ရှားတဲ့၊ မင်းနှစ်ပါးရဲ့ မြတ်မယ်တော် (ပုပ္ပားတောင်မြတ် တောင် ကလပ်ပေါ်)၂ ဂန္ဓာရီဓာတ်စခန်းဖွင့်လို၊ နတ် လမ်းညွှန်ပြ မြတ်မယ်တော်”

 ပုပ္ပားမယ်တော်ပင့်ပြီးတော့ ဆိုင်းထဲမှာ ပါသည့် အဆိုတော်အမျိုးသမီးက ပုပ္ပားမယ် တော်နတ်ချင်း ဆက်ဆိုသည်။ နတ်သံနှော သီဆိုသဖြင့် သူ့အသံကလွင်ကာ ပို၍ချိုနေ သလိုပင် နတ်ဆိုင်းကလည်း အတိုအဆိတ် တီးလုံးလေးဖြင့် ပိုပေးနေချိန်ဖြစ်၍ နတ်က ရာ ကြည့်မောနေသူများပင် ကရတော့မလို ပင်။

ငယ်တိုးလမ်း ပွဲခင်းအဆုံးရောက်တော့ ရတနာ့ဂူဘုရားကွင်းကို ဒက်ထိတွေ့သည်။ အမြင့်ဉဏ်တော် ၃၀ ကျော်သာရှိမည့် စေတီမှာ ရွှေရောင်ဖိတ်ဖိတ်တောက်နေ သည်။ ဘုရားစောင်းတန်းအတိုင်း ၀င်ရောက် သူများ ဘေးမလွယ်ပေါက်မှ ၀င်ရောက်သူ များရှိ၍ အာရုံခံတန်ဆောင်းအတွင်းမှ ဘုရား ဖူးသူ များပြားသည်။ ဘုရားရွှေဖိုး လှူဒါန်းသူ၊ ပန်း၊ ရေချမ်း၊ ဆီမီးလှူဒါန်းသူအများစုမှာ ကျေးရွာများက လာရောက်သူများဖြစ် ကြောင်း ကြည့်ရုံနှင့် သိသာသည်။

ရတနာ့ဂူဘုရား အရှေ့ပေါက်ကထွက် တော့ အောက်နန်းသွားလမ်းပေါ် ရောက် သည်။ လမ်းဘေးမှာ ပန်းအရောင်းဆိုင်များ၊ အုန်းသီးထိပ်ဖွင့်ရောင်းချသည့်ဆိုင် ခြောက် ဆိုင်ခန့် တွေ့ရသည်။ နတ်တက်၊ နတ်ဆက် လာသူများ ၀ယ်ယူသဖြင့် သပြေပန်းနှင့် အုန်းသီးထိပ်ဖွင့်များမှာ အရောင်းသွက်ဟန် တူသည်။

အောက်နန်းအ၀င်မှာ ခံ့ညားလှပစွာ ပြုလုပ်ထားသည့် ကျားကြီးနှစ်ကောင်ရုပ် တုက တကယ်ပင် ကိုက်လိုက်၊ ပုတ်လိုက် တော့မည့်ဟန်။ အသက်၀င်နေသည်။ နတ် နန်းထဲမှာတော့ မယ်တော်မယ်၀ဏ္ဏ၊ သား တော်နှစ်ပါးနှင့် အကန်တော့ခံ ကပြနေ သည်။ အတွင်းဘက်ရှိ နန်းရင်ပြင်ပေါ်မှာ ရွှေ ချထားသည့် မယ်တော်မယ်၀ဏ္ဏရုပ်တုက အပြုံးရိပ် ဆောင်နေသည်။ ကြမ်းတမ်းသည့် သားစားဘီလူးမ မဟုတ်သဖြင့် ပုံတော်ကို အပြုံးရိပ်ပါအောင် ထုလုပ်ထားဟန် တူ သည်။ ဘေးတစ်ဖက်တစ်ချက်မှာတော့ သားတော် ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ်။

 “မယ်၀ဏ္ဏက ပုပ္ပားတောင်ကလပ်မှာ ပန်းစားဘီလူးမဗျ။ သူ့အရင်ဘ၀က ပုဏ္ဏား မျိုးရိုးက မွေးဖွားတာတဲ့။ အသား၊ ငါးမစားဘဲ သစ်သီးကိုသာ စားသုံးတယ်။ တစ်နေ့မှာ မယ်၀ဏ္ဏလောင်းလျာ ပုဏ္ဏေးမက ရဟန်း တစ်ပါးနဲ့ တွေ့ဆုံရတယ်။ ပုပ္ပားတောင်က ခူးလာတဲ့ သစ်သီးတွေကို အဲဒီရဟန်းလှူပြီး ဆုတောင်းတာက နောင်ဘ၀မှာ မြင့်မြတ် သောအမျိုး၌ လူဖြစ်ပြီး သာသနာပြုနိုင်တဲ့ ပုဂိ်ဂုလ်တစ်ဦး ဖြစ်ရပါလို၏လို ဆုတောင်း တယ်။ အသား၊ ငါး မစားဘဲ သစ်သီး၀လံကို သာစားတဲ့ ပုဏ္ဏေးမလေး ကွယ်လွန်သွား တော့ မနုဟာမင်းကြီးနှမတော် ၀ဏ္ဏသိင်္ဂီ ဖြစ်လာခဲ့တာ။ နောက်တော့ မြောက်နန်း ပွားညီတော်နဲ့ လက်ဆက်ဖို ဖျောင်းဖျခံရ တယ်။ ဒါပေမဲ့ ၀ဏ္ဏသိင်္ဂီက အိမ်ထောင်မပြု လိုကြောင်း လျှောက်ထားတဲ့အတွက် နန်း တော်က နှင်ချခံရတယ်လို သိရတယ်”

 “သစ်ဥ၊ သစ်ဖုပေါများတဲ့ ပုပ္ပားတောင် ကို ရောက်သွားတယ်။ တောင်ကလပ်နား မှာရှိတဲ့ သီလတောင်ရောက်တဲ့အခါ အောင် သိဒိ်ဓကုန်းမှာ အဓိဋ္ဌာန်၀င်တယ်။ တောင် ကလပ်ပေါ်က ရွှေကူချောင်တောရမှာ သီ တင်းသုံးတဲ့ ရသေ့ကြီးနဲ့တွေ့ပြီး အဲဒီမှာပဲ တရားဘာ၀နာ အားထုတ်ဆိုကိုး။ တရား အားထုတ်ရင်းနဲ့ ဆုတစ်ခုတောင်းခဲ့တယ်။ သူ မနှစ်သက်တဲ့လူသားတွေ သူ့ကိုမြင်ရင် နတ်ဘီလူးအသွင် မြင်ပါစေ။ သူနှစ်သက်တဲ့ သူဆိုရင် သူ့ကိုလူသားအသွင်မြင်ပါစေလို သစ္စာပြုတယ်။ ဒီမှာတင် ပန်းတော်ဆက် ရာထူးရထားတဲ့ ကိုဗျတ္တနဲ့ ၀ဏ္ဏသိင်္ဂီတို ပုပ္ပားတောင်မှာ တွေ့ကြတာပေါ့။ ကိုဗျတ္တနဲ့ ၀ဏ္ဏသိင်္ဂီတို ပေါင်းသင်းနေထိုင်ရာက သား နှစ်ပါးဖွားမြင်တာ အစ်ကိုကြီးက ရွှေဖျင်းကြီး၊ ညီငယ်က ရွှေဖျင်းငယ်။

 နောက်တော့ ကိုဗျတ္တကွပ်မျက်ခံရ။ သားနှစ်ပါးကလည်း ဘုရင့်တပ်နဲ့ပါသွား။ ကွပ်မျက်ခံရတော့ ၀ဏ္ဏ သိင်္ဂီတစ်ယောက် ပုပ္ပားတောင်မှာ တောင် စောင့်နတ် ဖြစ်သွားဆိုကိုး” ဦး၀င်းမြင့်က နတ်နန်းများအနီးမှာ နေ သူပီပီ နတ်သမိုင်းကြောင်းကို အတော်လေ့ လာထားဟန်တူသည်။ သူမို လိပ်ပတ်လည် အောင် ပြောတတ်ပါပေ့။

ဝါခေါင်လပြည့်ကျော် ၇ ရက် နတ်ပွဲစပြီ ဆိုတော့ နတ်ညီလာခံနှင့်စသည်။ နတ်ကြီး များကို နတ်ကတော်များက ပင့်ကြရသည်။ အထက်နန်း၊ အလယ်နန်း၊ အောက်နန်း တစ်ပြိုင်နက်တည်း ကျင်းပသော်လည်း ဘုရားကန်တော့တာ၊ အထက်ပုဂ်္ဂိုလ်များ ကို ကန်တော့တာ၊ အိမ်တွင်းဖေကြီး ဦးတင့် တယ် ကန်တော့တာ၊ အမေတောင်ကြီးရင် ရွှေမျက်နှာနတ်ကို ကန်တော့တာ၊ ရွှေနပေ နတ်ကို ကန်တော့တာ၊ မနဲမိနတ်ကို ကန် တော့တာ၊ ရွှေဖျင်းကြီးနတ်ကို ကန်တော့ တာ၊ တောင်ပြုန်းမင်းနှစ်ပါး ယုန်ထိုးတာ၊ ရွှေ ဖျင်းငယ်နတ်ကို ကန်တော့တာ၊ ပုခန်းဦးမင်း ကျော်နတ်ကို ပွဲဦးကန်တော့တာ၊ လေးကျွန်း မောင်နတ်ကို ချော့တာ၊ အောင်ပင်လယ်နတ် ကန်တော့တာ၊ တလိုင်းကျော် ဆင်ဖမ်းတာ၊ ဦးပိုးတူနတ် ကျားရေတိုက်၊ ကျားစာကျွေး တာ၊ ရွှေနပေနတ် မြေလူးတာ၊ အမေရေရင် စားတော်တိုက်တာ၊ မယ်တော်ပြန်ပိုတာ တွေကတော့ တူညီစွာကျင်းပကြသည်။

အလယ်နန်းမယ်တော် မယ်၀ဏ္ဏ ချိုး ရေတော်သုံးတာက ဝါခေါင်လပြည့်ကျော် ၈ ရက်။ မယ်တော်၏ပုံတော်ကို ဖောင်ပေါ်မှာ တင်ကာ ပန်းပဲချောင်းသုံးခွဆုံမှာ ချိုးရေ တော်သုံးသည်။ အထက်နန်းကလည်း ထို နေ့မှာပင် ချိုးရေတော်သုံးသည်။ အောက် နန်းကတော့ ချိုးရေတော်သုံးပွဲကို လပြည့် ကျော် ၁၀ ရက်မှာ ကျင်းပသည်။

ဝါခေါင်လပြည့်ကျော် ၁၂ ရက်မှာတော့ ပုဏ္ဏားအစားအစာဖြစ်သည့် ဖော်လားစား တော်စာဆက်ပွဲ။ ပျားရည်၊ နံ့သာပု၊ သီးမွှေး ငှက်ပျောသီး၊ ပေါက်ပေါက်မုန့်၊ ထောပတ်၊ နွားနိုဖြင့် စုပေါင်းနယ်ထားသည့် စားတော် စာ၊ ပုဏ္ဏားတို၏ရိုးရာ စားတော်စာတစ်ခုပင်။

အမေရွှေနပေ မြေလူးပွဲက ရတနာ့ဂူ အောက်နန်းမှာ ကျင်းပသည်။ ဝါခေါင် လပြည့်ကျော် ၁၃ ရက်၊ ဝါခေါင်လကွယ်နေ့ မှာ မယ်တော်ပြန်ပိုပွဲကျင်းပသည်။ ပန်းပဲ ချောင်းထဲမှာ အသင့်ပြင်ဆင်ထားသည့် ငှက်လှေရှိရာကို အောက်နန်းကနေ နတ် သဘင်အခမ်းအနားနှင့် ကြွသည်။ ဗုံကလေး တစ်လုံးနှင့် လင်းကွင်းကလေးတစ်ခု တီးသူ များက စဉ်ဆက်မပြတ် တီးပေးသည်။ ငှက် လှေပေါ်မှာ ငှက်ပျောပွဲတင်၊ အထိမ်းအမှတ် ဖြစ်သည့် ညောင်လေးပင်ရှိရာ နတ်သစ်ပင် ကို ဗုံသံ၊ လင်းကွင်းသံပေး၍ လှော်ခတ်လိုက် ပါသွားကြသည်။

အလယ်နန်းမှာတော့ ထိမ်ခုတ်ပွဲ။ နန်း ရှေ့ကွင်းပြင်မှာ ထိမ်ပင်ကိုင်းတစ်ကိုင်း စိုက် ထူထားသည်။ အပင်ကိုပတ်၍ အသင့် အတင့်ကျယ်သည့် နေရာယူကာ နယ်နိမိတ် သတ်မှတ်ထားသည်။ ဆိုင်ရာပိုင်ရာနတ် များက ထိမ်ပင်ကို လှည့်လည်၍ ဓားရေး ပြကာ ထိမ်ပင်ကိုခုတ်ချလိုက်သည်။ ထိမ် ပင်ခုတ်အပြီး ဘေးမှာရှိသည့် ပရိသတ်ကြီး က ခုတ်ချသည့် ထိမ်ပင်ကိုင်းများကို အလု အယက် လုယူကြသည်။ လဲသူလဲ၊ ကွဲသူကွဲ။ ဒါပေမဲ့ ခိုက်ရန်ဒေါသ ဖြစ်တာမရှိ။

ဝါခေါင်းလဆန်း ၁၅ ရက် နံနက်ပိုင်းမှာ ရတနာ့ဂူဘုရား၏ ဆွမ်းကြီးလောင်းပွဲ။ ပင့် သံဃာတော်အပါး ၁၅၀ ခန့်ကို အနီးနား ရပ်ကွက်များက လာရောက်လောင်းလှူကြ သည်။ ဂေါပကအဖွဲက ဦးစီးကျင်းပသည့် ဆွမ်းလောင်းပွဲဖြစ်၍ ဘုရားပွဲ၊ နတ်ပွဲ ပွဲ တော်ကွင်း စျေးဆိုင်ခန်းများကပါ ပါ၀င် လောင်းလှူမှုရှိသည်။

အထက်အညာဒေသ ဘုရားပွဲ၊ နတ်ပွဲ ပူးတွဲကျင်းပသည့် ပွဲတွေထဲမှာ တောင်ပြုန်း ပြီးလျှင် ရတနာ့ဂူက အစည်ဆုံး။ တောင်ပြုန်း ပွဲမသွားနိုင်သည့် နတ်ကတော်တချိုနှင့် ဆိုင်ရာဆိုင်ရာ နတ်တက်၊ နတ်ဆက် လုပ် သူတချိုကလည်း ပုပ္ပားမယ်တော်မယ်၀ဏ္ဏ ၏ ရတနာ့ဂူပွဲ သွားရောက်လိုက်ရုံဖြင့် တာ၀န်ကျေသည်ဟု သတ်မှတ်ကြသည်။ ဒါကြောင့်လည်း ရတနာ့ဂူပွဲတော်မှာ ရက် ရှည်ကျင်းပသလို နေ့တိုင်းစည်ကားနေခြင်း ဖြစ်ပေလိ့မ်မည်။

ပွဲတော်ကာလညပိုင်းမှာ ရုံသွင်းဇာတ် ကြီးတွေပါသည်။ လွန်ခဲ့သည့် ငါးနှစ်ကျော် ကာလက အမရပူရမြိုထဲမှာပင် ဘုရားရုံ၊ မြို လယ်ရုံရှိသည်။ အထက်နန်းမှာလည်း ဇာတ် ရုံနှင့်။ အောက်နန်းမှာလည်း ဇာတ်ရုံနှင့်။ ရုံသွင်းဇာတ်ပွဲကြီးတွေ လေးဇာတ်၊ ငါးဇာတ် အထိ ကပြနိုင်သည့် ပွဲတော်ကြီးဖြစ်သည်။ ဒါတွေအပြင် ဆပ်ကပ်အဖွဲ၊ မျက်လှည့်အဖွဲ တွေကလည်း နေ့ရောညပါ ရုံသွင်းတင် ဆက်မှု ရှိသည်။

ခေတ်တွေ၊ စနစ်တွေ ဘယ်လိုပြောင်း ပြောင်း မြန်မာလူမျိုးများ၏ ရိုးရာကိုးကွယ်မှု အစဉ်အလာကတော့ မပျောက်ပျက်နိုင်။ သားတော်ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ် နန်းကြီး မှာကျင်းပသည့် တောင်ပြုန်းပွဲလိုပင် အမရ ပူရမှာ မယ်တော်မယ်၀ဏ္ဏ၏ နန်းသုံးနန်ရှိရာ ရတနာ့ဂူအရပ်မှာကျင်းပသည့် ရတနာ့ဂူပွဲ တော်ကလည်း ရှိနေဦးမည်သာ။

Leave a Reply

Your email address will not be published.