ရှမ်းပြည်အရှေ့ပိုင်းက အာခါ ရက်ကန်းထည်

ရိုးရာဝတ်စုံအပြည့်နဲ့ အာခါတိုင်းရင်းသူတစ်ဦး

လှမင်းနိုင်

တိုင်းရင်းသားမျိုးနွှယ်စုပေါင်းများစွှာ ရှိနေတဲ့  မြန်မာနိုင်ငံမှာ အာခါလူမျိုးစုသည်လည်း   ကိုယ်ပိုင်ရိုးရာ၊ ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတို့နဲ့ ရပ်တည်နေထိုင်ကြပါတယ်။ မြန်မာနွှယ်ဖွှား တိုင်းရင်းသားအာခါများကို ရှမ်းပြည်နယ်အရှေ့ပိုင်း မှာ အများဆုံးတွေ့ရပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရိုးရာငွေထည်လုပ်ငန်းကို မျိုးရိုးစဉ်ဆက် လုပ်ကိုင် အသက်မွေး ကြပါတယ်။ ဝတ်စားဆင်ယင်မှုအတွှက် အစဉ်အဆက် ဆင်းသက်လာတဲ့ အထည်ရက်လုပ်ပညာကို အသုံးပြုကြပြီး ကိုယ်တိုင်ချုပ်လုပ်ဝတ်ဆင်ကြတာ ဓလေ့တစ်ခုပါပဲ။ အာခါတွေ ရက်လုပ်တဲ့ ရက်ကန်းကို ဒေသအခေါ်အနေနဲ့ ဂျက်ခုတ်လို့ ခေါ်ကြတာ တွေ့့ရပါတယ်။  ကိုယ်တိုင်ဝတ်ဆင်တာ ရှိသလို အခြားသူတွေအတွှက် ထုတ်လုပ် ရောင်းချပေးတာလည်းရှိ ပါတယ်။ ဂျတ်ခုတ် ထည်တွေဟာ အမြင်မှာ လှသလို ဝတ်ဆင်ရာမှာလည်း တင့်တယ်ပါတယ်။ ဈေးနှုန်းကြီးမြင့်တဲ့အတွှက် လူတိုင်းမဝတ်ဆင်နိုင်ကြပါဘူး။ ပြည်ပပို့ကုန်အနေနဲ့လည်း ဈေးကွှက်ရှိနေပါတယ်။

ကုန်ကြမ်း

ဂျတ်ခုတ်ရိုးရာထည်ရဲ့ မရှိမဖြစ်ကုန်ကြမ်းကတော့ ချည်နှင့်ဆိုးဆေးတို့ပါပဲ။ အခုခေတ်မှာ ဆိုးဆေးကို ရောင်စုံ အသုံးပြု နိုင်လာပေမယ့် အရင်တုန်းကတော့ မြန်ပင်လို့ ခေါ်တဲ့ အပင်တစ်မျိုးကနေ အရောင်ဆိုးဆေး အဖြစ်အသုံးပြုခဲ့ ကြတယ်လို့ သိရပါတယ်။  မြန်ရွှက်ကို အခြောက်လှမ်းအဆီထုတ်လို့ အထည်ကိုအရောင်တင် ရတာပါ။ မြန်ရွှက်အဆီကို ဆိုးဆေးတွေနဲ့ ရောပြီး  အသုံးပြုကြတာလည်း ရှိပါသေးတယ်။ အထည်ရက်တဲ့ ရက်ကန်းက မြန်မာရက်ကန်းနဲ့ ဆင်ပေမယ့် အခါရိုးရာမှာ ခြေထောက်နဲ့နင်းပြီး လုပ်ရပါတယ်။ မြန်မာ ရက်ကန်းလို အရောင်တွေပါထည့်ပြီး တစ်ပါတည်း ထည့်သွှင်းလုပ်ရတာ မဟုတ် ဘဲ အဖြူရောင် ချည်ထည် တစ်မျိုးတည်းကိုပဲ ပိတ်စဖြစ်စေဖို့ ရက်လုပ်တာ ဖြစ်ပါတယ်။  ရလာတဲ့ပိတ်စတွေကို အရောင် တင်ပြီး မှ ပန်းတွေံ၊ ဒီဇိုင်းတွေကို လက်ချုပ်အပ်နဲ့ အသေးစိတ်ထပ်ချုပ် ရတာပါ။ ရိုးရာထည်စစ်စစ်လုပ်မယ်ဆိုရင်  တစ်ထည် အတွက်အစအဆုံးကြာမြင့်ချိန် အနည်းဆုံး ၃၀ ရက်မှ အများဆုံး ၅၀ ရက်အထိ ရှိပါတယ်။

ရိုးရာအတိုင်း ဂျက်ခုတ်လုပ်ကိုင်နေစဉ်

ဈေးဦးမြင့်တဲ့ ရိုးရာထည်

အခါရိုးရာထည်တွေမှာဆိုရင်   အကျီ၊ ဘောင်းဘီ၊ စကတ်၊ ခြုံစောင်၊ စားပွှဲခင်းနှင့် လွှယ်အိတ် တွေကို အများဆုံး တွေ့ရပါ တယ်။   ပြုလုပ်တဲ့အခါမှာ ဒီဇိုင်းကို ယိုးဒယားနဲ့ တရုတ်အကြိုက် အများဆုံးလုပ်လေ့ရှိကြ ပါတယ်။  အကြောင်း ကတော့ ဂျက်ခုတ်ထည်ကို တရုတ်၊ ယိုးဒယား  နိုင်ငံတွေက အဝယ်များကြလို့ပါပဲ။ သူတို့ နိုင်ငံကို ပို့ကြတာ ရှိသလို မြန်မာပြည်ကို လာလည်တဲ့အခါမှာလည်း ရောင်းချပေးနိုင်ဖို့ အတွှက်ပါ။ အကျီ လက်တို လက်ရှည်၊ စကတ်နဲ့ ဘောင်းဘီရှည် တွေက လူကြိုက် များတာတွေ့ရမှာပါ။ ခြုံစောင်တွေမှာ ပန်းကွှက်လေးတွေ ဒီဇိုင်းတွေနဲ့ ကြည့်ရတာ ခန့်ငြားတဲ့အတွှက် လူကြိုက် များကြ ပေမယ့် ဈေးကြီးလွှန်းတာကြောင့် အရောင်း မသွှက်ဘူးလို့ သိရပါတယ်။ ဂျက်ခုတ်အကျီတစ်ထည်ကို ဖောက်သည် ဈေး ၅၀၀၀၀ ကျပ်ကနေ ၁၀၀၀၀၀ ကျပ် အတွှင်း ရှိတတ်ပါတယ်။ ဖောက်သည်ဈေးတောင် တစ်သိန်းအတွှင်းဈေးရှိနေ တာဆို တော့ လက်လီဆိုင်မှာဆိုရင် ဈေးက အတော်များနေမှာပါ။ ပြည်တွှင်းမှာရောင်းတာထက် ပြည်ပပို့ရင် သည့်ထက် ပိုရပါသေးတယ်။ ဒီမှာ တစ်သိန်းလောက် ရောင်းရရင် ဟိုမှာ တစ်သိန်းခွှဲနီးပါးရတယ်လို့ ဆိုပါတယ်။ ရိုးရာထည်က လက်လုပ် ထည် ဖြစ်တာကြောင့် အမှာရှိသလောက် ထွှက်နေတဲ့ ထုတ်ကုန်မဟုတ်တာကလည်း ရိုးရာထည်တွေကို ဈေးမြင့်နေစေ ပါတယ်။

တရုတ်နှင့်ထိုင်းတို့မှ ပိတ်စများ

ပိတ်စအစားထိုး

                ဈေးနှုန်းကြီးမြင့်တာရယ် ပြုလုပ်ရသည့်အချိန်ကြာမြင့်တာရယ်ကြောင့် အခုဆိုရင်    ယိုးဒယား၊ တရုတ် တို့က တင်သွှင်းတဲ့ ပိတ်စတွေကို အစားထိုးသုံးလာကြပါတယ်။ ရက်ပေါင်းများစွှာ ပင်ပန်းခံရက်လုပ်ရတာမရှိဘဲ အသင့်ရရှိနိုင်တဲ့ ပိတ်စတွေကို ချုပ်စက်နဲ့နေ့ချင်းပြီး ချုပ်မယ်၊ ပြီးရင် ပန်းထိုးမယ်။ တစ်ပုံစံတည်းတူတဲ့ အာခါရိုးရာထည်ကို လိုသလောက် ထုတ်နိုင်လာတဲ့ သဘောပါပဲ။ အမှန်တော့ အတုလုပ်တယ်လို့ ဆိုရမှာပါပဲ။ ရိုးရာထည်အစစ် ဝယ်မဝတ်နိုင်သူတွေအတွှက် အဆင်ပြေတဲ့အနေအထားလို့ ပြောတဲ့သူကပြောပါတယ်။ အထူ အပါး လိုအပ်သည့် အရည်အသွေး၊ အရောင်အရင့်အနု ကြိုက်သလို ရွေးချယ်ခွှင့် ရှိလာတာကတော့ အားသာချက်ပါ။ ယိုးဒယားစ ဈေးမြင့်နေသေးတယ်ဆိုရင် တရုတ်ပိတ်စကို အသုံးပြုနိုင်ပါသေးတယ်။ အရင်က သိန်းချီ ပေးရတဲ့ ရိုးရာထည်တွေဟာ အခုလို အလွှယ်တကူတင်သွှင်းလို့ ရတဲ့ ပိတ်စတွေ နဲ့ အစားထိုးလာတဲ့အခါမှာ ဈေးသက်သက်သာသာနဲ့ ဝယ်ယူအသုံးပြုလာနိုင်တာဟာ ကောင်းတာလား ဆိုးသလားတော့ ဝေခွှဲမတတ်နိုင် တော့ပါဘူး။ သေချာတာကတော့ ရိုးရာထည်ရက်လုပ်သူတွေ နည်းလာတာရယ် တင်ပို့ရောင်းချသူတွေ ဈေးကွှက် ပျက်လာတာရယ်တော့ သေချာပါတယ်။ အရင် ဂျက်ခုတ် လုပ်ခဲ့သူတွေကိုယ်တိုင်လည်း ပုံစံပြောင်းလာတဲ့ ဈေးကွှက် အနေအထားအတိုင်း ယိုးဒယားစတွေနဲ့ ချုပ်လုပ်လာကြ တာတွေ့ရပါတယ်။

အာခါရိုးရာဂျက်ခုတ်အထည်များ

ထိန်းသိမ်းသင့်တဲ့ ရိုးရာအမွေ

လက်မှုကနေ စက်မှုကို တစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလာခြင်းဟာ လူနဲ့ပတ်ဝန်းကျင်ကို အကျိုးများစွှာ ဖြစ်စေတယ်လို့ ဆိုပေမယ့် အချို့သော ရိုးရာလက်မှုပညာရပ်တွေရဲ့ ရပ်တည်နေနိုင်မှုဟာ အားနည်းသွှားတယ် ဆိုတာ သေချာပါတယ်။ နှစ်ပေါင်းများစွှာရှိနေခဲ့တဲ့ ရိုးရာအမွေအနှစ်ပညာရပ်တွေ ပျောက်ကွှယ်တိမ်မြှုပ် သွှားမယ်ဆိုရင်   အတော့ကိုနှမျှော နစ်နာဖွှယ်ဖြစ် စေပါတယ်။ မြန်မာ့ရေမြေမှ ဓလေ့ထုံးထမ်းတွေနဲ့ တိုင်းရင်းသား တို့ရဲ့ ရိုးရာပညာရပ်တွေကို နိုင်စွှမ်းသမျှ စောင့်ရှောက်ထိန်းသိမ်းသင့်တဲ့အကြောင်း အာခါရိုးရာ ရက်ကန်းလုပ်ငန်း ကို ပမာပြုပြီး ရေးလိုက်ရပါတယ်။

ရိုးရာဂျက်ခုတ်ထည် လုပ်ကိုင်နေစဉ်
ဆေးဆိုးလှမ်းထားသည့် ဂျက်ခုတ်ထည်များ
ဆေးဆိုးရာတွှင် အသုံးပြုသည့် မြန်ရွှက်
မြန်ရွှက်ကို ကျိုချက်ကာ ဆေးဆိုးရသည်
ဂျက်ခုတ်ရာတွှင် လက်ဖြင့်ထိန်းရသလို ခြေဖြင့်လည်း နင်းရသည်
အခါရိုးရာဂျက်ခုတ်အထည်များ
အာခါရိုးရာအင်ကျီများ
အခါအမျိုးသမီးခေါင်းဆောင်းများ

Leave a Reply

Your email address will not be published.